မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်းတွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ အရ/အသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)နှင့်တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအတွင်း အရ/အသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲတင်ပြခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များမှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြု ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။