
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသော မကွေးတိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များဥပဒေ(မူကြမ်း)ရေးဆွဲတင်ပြခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)နှင့် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ မကွေးတိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များဥပဒေ(မူကြမ်း)လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များမှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှလိုအပ်သည်များဖြည့်စွက်ဆွေးနွေး ခဲ့ပါသည်။