မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ချောက်မြို့နယ်၊ ဆူးတောကျေးရွာနှင့် လေးပင်ကုန်းကျေးရွာများမှ အလကကျောင်းနှင့် အထကကျောင်းများ အဆင့်တိုးမြှင့်ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ သြဂုတ်လ(၂၅)ရက်၊ နံနက်(၀၈ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ဆူးတောကျေးရွာ၌ ကျင်းပပြုလုပ်သည့် အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဒေါ်စန်းစန်းဝင်း၊ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ဦးစိုးဝင်း၊ ချောက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အထက်တန်းကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာနှင့်အဖွဲ့သည် (၁၁ဝဝ)နာရီအချိန်တွင် ချောက်မြို့နယ်၊ လေးပင်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် လွှတ်တော်ရန်ပုံငွေ (၂၅)သိန်းနှင့် Unicef ပြည်သူပူးပေါင်းဆောင်ရွက်သည့် စင်မြင့်ရေစင်၊ မကွေးတိုင်းဒေသကြီးရန်ပုံငွေနှင့် ဆောင်ရွက်သည့် ထောက်ရှည်ကန်-လေးပင်ကုန်းလမ်း၊ လျှပ်စစ်မီး၊ K.G ကျောင်းဆောင်သစ်နှင့် အလယ်တန်းကျောင်းအဆင့်တိုးမြှင့်
ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းနှင့် ဒေါ်စန်းစန်းဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် စင်မြင့်ရေစင်၊ ကျေးရွာချင်းဆက်လမ်း၊ လျှပ်စစ်မီး၊ အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ခြင်းဆိုင်ရာ အချက်အလက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။