မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊သြဂုတ်လ(၂၈)ရက်နေ့၊ နေ့လည်(၁၄ဝဝ)နာရီအချိန်၊မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး
ရေးရာကော်မတီရုံးခန်းတွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အအုံတွင်
တပ်ဆင်မည့် ဓါတ်လှေကားနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီမှ မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မင်းဘူးမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်တို့နှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့် Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အအုံတွင် တပ်ဆင်မည့်ဓါတ်လှေကား
အမျိုးအစားရွေးချယ်ခြင်းနှင့်ပတ်သက်၍ Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီ တာဝန်ရှိသူများမှ Power Point နှင့် ရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ Kyaw Thar Engineering & Construction Group Co, Ltd (KTECG)ကုမ္ပဏီတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါသည်။