
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေအရ/အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေရေးဆွဲထုတ်ပြန်နိုင်ရေး အပြီးသတ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ရေးရာကော်မတီရုံးခန်းတွင် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်၏ဘဏ္ဍာငွေအရ/အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေ ရေးဆွဲထုတ်ပြန်နိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းလွင် နှင့် တိုင်းဒေသကြီးရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ တိုင်းဒေသကြီး (သို့မဟုတ်)
ပြည်နယ်၏ ဘဏ္ဍာငွေအရ/အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေ အပြီးသတ်ရေးဆွဲထုတ်ပြန်နိုင်ရေး အဖွင့် အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင် များမှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ၄င်းနောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ခဲ့ပါသည်။