မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ခဲ့ပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့မှ မိမိတို့ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့မှုများအပေါ် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ ကြပါသည်။