မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်း အခမ်းအနားတက်ရောက်ဖွင့်လှစ်ပေး

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့၊ နံနက်(၁၁၃၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာတွင်ကျင်းပပြုလုပ်သည့် ဝက်လွတ်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးတင့်လွင်၊ ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ဦးသိန်းလှ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ မကွေးတိုင်းဒေသကြီးအခြေခံပညာ
ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်တို့မှ ဝက်လွတ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအဆင့်တိုးမြှင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ မိဘဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးဇော်မှ အခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအကျိုးတော်ဆောင်တာဝန်ရှိသူများမှ ကျောင်းအဆင့်တိုးမြှင့်ခြင်း ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပြန်လည် ပေးအပ်ခဲ့ပါသည်။ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ
နှင့်အဖွဲ့တို့သည် ဝက်လွတ်ကျေးရွာတိုက်နယ်ဆေးရုံ အဆောက်အဦဆောက်လုပ်နေမှုအခြေအနေများအား
ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။