
မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ချောက်မြို့နယ်၊ စလေကျေးရွာအုပ်စုကိုစလေမြို့အဖြစ် အဆင့်တိုးမြှင့်ဖွဲ့စည်းခြင်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ စလေကျေးရွာအုပ်စုကို စလေမြို့အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦး၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဦးစိုးမြင့်၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မကွေးတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးပညာရေးမှူး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဒေါ်စန်းစန်းဝင်း၊ ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးစိုးဝင်း၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ချောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ၊
မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ချောက်မြို့နယ် မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်များမှ စလေမြို့အဖြစ်အဆင့်တိုးမြှင့်ဖွဲ့စည်းခြင်း အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက်၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုမှ စလေမြို့ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်းတို့မှ အမှာစကားများ အသီးသီး ပြောကြားခဲ့ပါသည်၊၄င်းနောက် စလေကျေးရွာအုပ်စုအား စလေမြို့ အဖြစ်တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အလံများအား ရပ်မိရပ်ဖ(၃)ဦးမှ ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ စလေကျေးရွာအုပ်စုအား စလေမြို့အဖြစ်တိုးမြှင့်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ မကွေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ဦးစိုးဝင်း၊ ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် ရပ်မိရပ်ဖတစ်ဦးတို့မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ
ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများမှ စလေမြို့အတွင်းလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။