မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး (မကွေးတိုင်းဒေသကြီးလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ)၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊
မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်၊ မကွေးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ကြူကြူဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး (မကွေးတိုင်းဒေသကြီးလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ)မှ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ မိန့်ခွန်းအား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှု ဗွီဒီယိုမှတ်တမ်း ပြသမှုအား ကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တရားလွှတ်တော် တရားသူကြီးချုပ် မှလည်းကောင်း၊ ကာတွန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ မှလည်းကောင်း၊ ပိုစတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မှလည်းကောင်း၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် (ထက်၊ လယ်၊ မူ အဆင့်) နှစ်သိမ့်ဆုရ ကျောင်းသား/ကျောင်းသူများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူးတို့မှ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့တို့သည် ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှု အသိပညာပေး ဓါတ်ပုံမှတ်တမ်းများနှင့် ဆုရကျောင်းသား/ကျောင်းသူများ၏ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာမှတ်တမ်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။