မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌမှ ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် လွှတ်တော်ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကွင်းဆင်းစစ်ဆေးခြင်း

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့၊ နေ့လည်(၁၅၃၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ၀န်ထမ်းအိမ်ရာဝန်းအတွင်း ( ၅၄၀ပေ × ၁၆ပေ × ၈လက်မ ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးကျော်ဌေး၊ ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးတင့်လွင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဝင်းမိုးထိုက်၊ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် နှင့် ရွှေလက်မြဲဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ ဘဏ္ဍာရေးနှစ် ( ဧပြီလမှ စက်တင်ဘာလအထိ ) ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လွှတ်တော်ရုံး ၀န်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား သွားရောက်စစ်ဆေး ခဲ့ကြပါသည်။
ဆက်လက်၍ လွှတ်တော်ရုံးဝန်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မေးမြန်းခဲ့ရာ ကုမ္ပဏီ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကာ လွှတ်တော်ရုံး ၀န်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းထားသည့် အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။