မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ ဆွေးနွေးညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီရုံးခန်းတွင် မကွေးတိုင်းဒေသကြီးမြေယာခွန်ဥပဒေ(မူကြမ်း)များနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ စိစစ်လေ့လာမှုများအပေါ် ဆွေးနွေးညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ)၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များနှင့် မကွေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ညွန့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်၊ မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးကျော်ဌေးတို့ တက်ရောက်ခဲ့ကြပါသည်။


အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ( ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များနှင့်မကွေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ညွန့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်၊ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဦးကျော်ဌေးတို့က သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေး ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ) မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။