မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် လွှတ်တော်ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၁၀၀%) ဆောင်ရွက်ပြီးစီးမှုအခြေအနေကွင်းဆင်းစစ်ဆေးခြင်း

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့၊ နေ့လည်(၁၆ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ၀န်ထမ်းအိမ်ရာဝန်းအတွင်း ( ၅၄၀ ပေ × ၁၆ ပေ × ၈ လက်မ ) ကွန်ကရစ်လမ်းခင်းခြင်း(၁၀၀%) လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးကျော်ဌေး၊ ငဖဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးစန်းကြူ၊ နတ်မောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ နှင့် အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသောတိုင်းဒေသကြီးစည်ပင်သာယာရေး
အဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းမိုးထိုက်၊ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် နှင့် ရုံးအဖွဲ့မှတာဝန်ရှိသူများ၊ ရွှေလက်မြဲ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများသည်၂၀၁၈ခုနှစ်၊ ဘဏ္ဍာရေးနှစ် ( ဧပြီလ မှ စက်တင်ဘာလအထိ ) ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လွှတ်တော်ရုံး ၀န်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းပြီးစီးခြင်းလုပ်ငန်းအား သွားရောက်စစ်ဆေး ခဲ့ကြပါသည်။
ဆက်လက်၍ လွှတ်တော်ရုံးဝန်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်း (၁၀၀%)လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌမှ မေးမြန်းခဲ့ရာ ကုမ္ပဏီ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်ရုံး ၀န်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းထားသည့် အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြပါသည်။