မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ စလင်းမြို့ ဒို့မေတ္တာနာရေးကူညီမှုအသင်းအတွက် တိုင်းဒေသကြီးလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေလှူဒါန်းပေးအပ်ပွဲအခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့၊ နေ့လည်(၁၅ဝဝ)နာရီအချိန်၊ စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် စလင်းမြို့ ဒို့မေတ္တာနာရေးကူညီမှုအသင်း အတွက် တိုင်းဒေသကြီးလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားအား မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ စလင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး စလင်းမြို့ ငွေတောင်ဦးကျောင်းဆရာတော်ဘဒ္ဒ န္တပညာသီရိထံမှ သြဝါဒခံယူပြီး ဒို့မေတ္တာနာရေးကူညီမှုအသင်း နာယကဆရာတော် ဘဒ္ဒ န္တပညာသီရိထံသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ အလှူငွေကျပ်(၁၀၀၀၀၀၀ိ/-)ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တို့မှ မြို့အိုကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် သမန်းကျင်းကျေးရွာများရှိ ကျေးရွာစာကြည့်တိုက်များသို့ သုတမျိုးစုံ စာအုပ်များပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်ပြီး ဒို့မေတ္တာနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူများက တိုင်းဒေသကြီးလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ လှူဒါန်းပေးအပ်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌံတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။