မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ မူဝါဒဖော်ထုတ်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်မှ (၁၇ဝဝ)နာရီအချိန်အထိ
မကွေးမြို့၊ နတ်မောက်လမ်း ထိန်ထိန်သာဟိုတယ်တွင်ကျင်းပပြုလုပ်သည့် မူဝါဒဖော်ထုတ်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊မကွေးတိုင်းဒေသကြီးဥပဒေချုပ်
ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဆလိုင်းလှထွန်း၊မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့် ရုံးအဖွဲ့ဝန်ထမ်းများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းဖောင်ဒေးရှင်းမှတာဝန်ရှိသူများနှင့် သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ငြိမ်းဖောင်ဒေးရှင်းမှ လုပ်ငန်းလည်ပတ်ရေးဒါရိုက်တာဒေါ်စုစုဝေမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းခြင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ တစ်ဦးချင်းမိတ်ဆက်ပါသည်။
ဆက်လက်ပြီး သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့မှ တာဝန်ခံ ဦးခိုင်ဝင်းက အလုပ်ရုံဆွေးနွေးပွဲမှ တစ်ဆင့် မကွေးတိုင်းဒေသကြီးအတွင်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အုပ်စုလိုက် အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။