မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့၊ နေ့လည်(၁၄ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီရုံးခန်းတွင် မကွေးတိုင်းဒေသကြီးဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ မကွေးတိုင်းဒေသကြီးဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်ပတ်သက်ပြီး (၂၇.၉.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးမှ ဆွေးနွေးညှိနှိုင်းချက်များအပေါ် လိုအပ်ချက်များ ဖြည့်စွက်ပြင်ဆင်ရန် ပြောကြားခဲ့ပြီး တက်ရောက်လာသော တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ အခန်းကဏ္ဍအလိုက် ပြန်လည် အကြံပြု ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။