
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့၊ နေ့လည်(၁၄ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ရေးရာကော်မတီရုံးခန်းတွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ အခန်းကဏ္ဍအလိုက် ပြန်လည် အကြံပြု ဆွေးနွေး ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)မှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။