
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နေ့လည်(၁၄၃၀)နာရီအချိန်၊ မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ) အဆောက်အဦ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊
မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့်လွှတ်တော်ရုံးအဖွဲ့များ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အဦ ဆောက်လုပ် ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည်လွှတ်တော်ရုံး(ပင်မ)အဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ Kyaw Thar Engineering & Construction Group Co, Ltd (KTECG) တာဝန်ရှိသူများမှ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို power point ဖြင့် ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ) အဆောက်အဦ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။