မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ကမ္ဘာ့လက်ဆေးနေ့ (၂၀၁၈) အခမ်းအနားသို့ တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်(၀၈၃၀)နာရီအချိန်၊ မကွေးမြို့၊ နတ်မောက်လမ်း၊ ထိန်ထိန်သာဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့လက်ဆေးနေ့ (၂၀၁၈)အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊ UNICEF မှ တာဝန်ခံ၊ မကွေးမြို့ရှိ တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးကျန်းမာရေးဌာနနှင့် ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ နှီးနွယ်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊ UNICEF မှ တာဝန်ခံတို့မှ အမှာစကားပြောကြားခဲ့ပြီးနောက် ကမ္ဘာ့လက်ဆေးနေ့နှင့်ပတ်သက်သော ပြခန်းငယ်အား ကြည့်ရှုခဲ့ပြီး ကျောင်းသားလူငယ်များမှ လက်ဆေးခြင်းအား သရုပ်ပြခြင်းကို အားပေးကြည့်ရှုကာ စုပေါင်းအမှတ်တရ ဓါတ်ပုံများ ရိုက်ခဲ့ကြပါသည်။