
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသို့ အလှူငွေပေးအပ်
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်၊ နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ နတ်မောက်မြို့နယ် ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး အသင်းသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်အသင်း အဖွဲ့အစည်းဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နတ်မောက်မြို့နယ် ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌမှ အသင်းဖွဲ့စည်း ဖြစ်ပေါ်လာပုံနှင့် လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြကာ အလှူငွေ ကျပ်(၅)သိန်းအား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ ပေးအပ်ခဲ့ပါသည်။
ထို့နောက် နတ်မောက်မြို့နယ် ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌမှ မှတ်တမ်းတင်ဂုဏ်ပြုလွှာအားပြန်လည်ပေးအပ်ခဲ့ပြီး နတ်မောက်မြို့နယ်ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။