မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသို့ အလှူငွေပေးအပ်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန်၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ မြို့သစ်မြို့နယ်ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်အသင်း အဖွဲ့အစည်းဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့သစ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေမှအလှူငွေလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌမှ အသင်းဖွဲ့စည်း ဖြစ်ပေါ်လာပုံနှင့် လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြကာ မြို့သစ်မြို့နယ် တောင်တွင်း-မြို့သစ်-နတ်မောက်လမ်းမှ မြေခြားကျေးရွာသို့ကျောက်ချောလမ်း(၂)ဖာလုံ ပြင်ထိန်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အလှူငွေကျပ်(၅)သိန်း၊ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသို့ အလှူငွေကျပ်(၂)သိန်း၊ဆားတဲကျေးရွာ ဘဝရှေ့ဆောင်စာကြည့်တိုက်သို့ အလှူငွေ
ကျပ်(၁)သိန်း၊မိုးကောင်းကျေးရွာ ဖူးပွင့်ဝေစီ စာကြည့်တိုက်အတွက် အလှူငွေကျပ်(၁)သိန်း၊ လယ်ပြင်ရပ်ကွက် စုံနံ့သာမြိုင် စာကြည့်တိုက်အတွက် အလှူငွေကျပ်(၁)သိန်း၊ စုစုပေါင်းအလှူငွေကျပ်(၁၀)သိန်းကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် မြို့သစ်မြို့နယ် ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌမှ မှတ်တမ်းတင်ဂုဏ်ပြုလွှာအားပြန်လည်ပေးအပ်ခဲ့ပြီး မြို့သစ်မြို့နယ်ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။