မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ (၂၃)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နေ့လည်(၁၄ဝဝ)နာရီအချိန် မကွေးမြို့၊ မြသလွန်စေတီတော် ရင်ပြင်တွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မကွေးမြို့ပေါ်ရှိရပ်ကွက်များမှ အလှူရှင်များ တက်ရောက်ကြပါသည်။


ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားတွင် မကွေးမြို့၊ ရာဇမုနိတောင်ပေါ်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို အတူတကွနာယူခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မဟာအတုလရံသီတန်ဆောင်းအတွင်းနှင့် ဘုရားရင်ပြင်တော်တွင် ဆက်လက်ကျင်းပရာ
မကွေးမြို့ပေါ် ကျောင်းတိုက်(၉၆)တိုက်မှ သံဃာတော်(၉၆)ပါး တို့အား မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှလွှတ်တော်ဥက္ကဋ္ဌဦးတာနှင့်မိသားစု၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်းနှင့်ဇနီး ဒေါ်ခင်စန်းဝေမိသားစု၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းမိသားစုများမှ စုပေါင်း၍ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ ဆပ်ပြာ၊ သွားတိုက်ဆေး/ သွားတိုက်တံနှင့် ဝတ္ထုငွေ စုစုပေါင်းတန်ဘိုး ကျပ်(၁၀၉၁၂၀၀)အား လှူဒါန်းခဲ့ပါသည်။