
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ်ဆရာဝန်များသို့ Mobile Tablet များဖြန့် ဝေခြင်းအခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်၊ မကွေးမြို့ မြိုတော်ခန်းမတွင် ကျင်းပပြုလုပ်
သည့် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ်ဆရာဝန်များသို့ Mobile Tablet များဖြန့်ဝေခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်း ဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ မကွေးတိုင်း
ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးကျန်းမာရေးသံတမန် မမာရီကိုးလ်၊ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးသံတမန် ဒေါက်တာစိုးညီညီထွန်း၊ မကွေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့
ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေ၊ မကွေးတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်/တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှ နှုတ်ခွန်းဆက်
ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက
အဖွင့်အမှာစကားပြောကြားကာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်မှ Mobile Tablet များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ မကွေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးထံသို့ Mobile Tablet များပေးအပ်ခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ မြို့နယ်ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များသို့ လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာမှ လက်ထောက်ကျန်းမာရေးမှူးများသို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ အမျိုးသမီးကျန်းမာရေးဆရာမများသို့
လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းမှ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)များသို့ လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာသန်းထွန်းအောင်မှ သားဖွားဆရာမများနှင့် ပြည်သူ့ကျန်းမားရေးကြီးကြပ်(၂)များသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးကျန်းမာရေးသံတမန် မမာရီကိုးလ်နှင့်ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေး
သံတမန် ဒေါက်တာစိုးညီညီထွန်းတို့မှ ပြည်သူ့ကျန်းမာရေးအကျိုးပြု Mobile Tablet အားမိတ်ဆက်ပြောကြားခြင်း
နှင့်အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်အတူ သရုပ်ပြမိတ်ဆက်ခြင်းများပြုလုပ်ခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီး
ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကာ
စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။