
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ လူမှုစီးပွားရေးစီမံကိန်း ဂျပန်အခြေခံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JIPမှ ကူညီထောက်ပံ့သည့် ပါးပွတ်တံတားတည်ဆောက်ရေးစီမံကိန်း၊သရက်မြို့နယ် ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်၊ လူမှုစီးပွားရေးစီမံကိန်း ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JIP မှကူညီထောက်ပံ့သည့် ပါးပွတ်တံတားတည်ဆောက်ရေး စီမံကိန်းသရက်မြို့နယ် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုဝင်း၊
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ Mr.ASAKURA Hajime (ဒုဥက္ကဋ္ဌ ဂျပန်အခြေခံအဆောက်အအုံ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)၊ ဦးမြင့်ဦး (ဒုတိယညွှန်ကြားရေးမှူးချုပ်)တည်ဆောက်ရေး၊ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(နေပြည်တော်)၊ဦးကံမြင့် (သရက်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ Mr.ASAKURA Hajime(ဒု-ဥက္ကဋ္ဌ ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)၊ ဦးမြင့်ဦး (ဒုတိယညွှန်ကြားရေးမှူးချုပ်)တည်ဆောက်ရေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)၊ ဦးကံမြင့် (သရက်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) တို့က သတ်မှတ်နေရာအသီးသီးတွင် ပန္နက်ရိုက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက အဖွင့်အမှာစကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ တည်ဆောက်ရေးစီမံကိန်း
အကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဦးကံမြင့် (သရက်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ ဦးမြင့် ဦး (ဒုတိယညွှန်ကြားရေးမှူးချုပ်) တည်ဆောက်ရေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)တို့က ကျေးဇူးတင်စကားများ အသီးသီး ပြောကြားခဲ့ကာ Mr.ASAKURA Hajime(ဒု-ဥက္ကဋ္ဌ ဂျပန်အခြေခံအဆောက်အအုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) မှ
အမှာစကားပြောကြားပြီး၊ ပါးပွတ်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ သရက်မြို့ မြို့မသုဿန် လမ်းခင်း ပြုပြင်ရန်အတွက် ငွေကျပ်(၅)သိန်း၊ ပေါက်ဦးကားကျေးရွာ စာသင်ကျောင်းအတွက် (၅)သိန်းပေးအပ်လှူဒါန်းခဲ့ကာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး ခဲ့ကြပါသည်။