
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့၊ နေ့လည်(၁၅ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ရေးရာကော်မတီရုံးခန်းတွင် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ
ဥပဒေကိုပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်ညိုညိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ
၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ မိမိတို့သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ပြန်လည် အကြံပြု ဆွေးနွေး ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ကြပါသည်။