မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌတို့ မကွေးစွန့်ဦးတီထွင်လုပ်ငန်းရှင်များနေ့ ၂၀၁၈ အခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့၊ နံနက်(၀၈ဝဝ)နာရီအချိန်၊ မကွေးမြို့ လွတ်လပ်ရေးပန်းခြံတွင် မကွေးတိုင်း SME အေဂျင်စီနှင့် SIYB Myanmar တို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် မကွေးစွန့်ဦးတီထွင် လုပ်ငန်းရှင်များနေ့ ၂၀၁၈ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့တက်ရောက်ခဲ့ပြီး အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။