
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ကော်မတီဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ရန်ကုန်မြို့၊ Inya Lake Hotel တွင် UNDP မှ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ကော်မတီဥက္ကဋ္ဌများအတွက် ကော်မတီဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဋ္ဌများ၊ UNDP မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။