မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ လွှတ်တော်ရုံးဝန်ထမ်းများအား အားကစားဝတ်စုံပေးအပ်ခြင်းနှင့် သင်တန်းများတွင် ထူးချွန်သူများအား ဆုချီးမြှင့်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ (၁၅ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့်လွှတ်တော်ရုံးဝန်ထမ်းများအား အားကစားဝတ်စုံပေးအပ်ခြင်းနှင့် သင်တန်းများတွင် ထူးချွန်သူများအား ဆုချီးမြှင့် ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာနှင့် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပြီး လွှတ်တော်ရုံးဝန်ထမ်းများအား အားကစားဝတ်စုံထောက်ပံ့ခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၀)တွင် သင်တန်းသားစံပြဆုရရှိသူနှင့် အငယ်တန်းစာရေးများနှင့် အခြားအဆင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့် မားရေးသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် တို့မှ ဆုများ အသီးသီးချီးမြှင့် ပေးခဲ့ပါသည်။