မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(ပထမပတ်)(၁-၁၂-၂၀၁၈)ရက်နေ့လူထုအားကစားလှုပ်ရှားမှုနှင့် လူထုလမ်းလျှောက်ပွဲ ပါ၀င်ဆင်နွဲခြင်း

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ (၀၅၄၅)နာရီအချိန်မှ (၀၆၃၀)နာရီအချိန်အထိ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌတို့သည် မကွေးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်၏၂၀၁၈ခုနှစ်ဒီဇင်ဘာလ(ပထမပတ်)လူထုလမ်းလျှောက်ပွဲတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ
ကျောင်းသား/သူများ၊ ရပ်ကွက်(၁၅)ရပ်ကွက်မှ ပြည်သူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများစုစုပေါင်းအင်အား(၂၅၅၅)ဦးတို့နှင့် အတူ တက်ရောက်ပါ၀င်ဆင်နွဲခဲ့ပါသည်။