မကွေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက် နိုင်ရေးအတွက် သရုပ်ပြလေ့ကျင့်မှု အခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၃၀)ရက်နေ့ နံနက်(၀၉ဝ၀)နာရီအချိန် မကွေးမြို့၊ မြသလွန်ဘုရားပွဲတော်ကွင်း၌ တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှု သရုပ်ပြပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများ တက်ရောက်ကြည့်ရှုခဲ့ပါသည်။
အခမ်းအနားတွင် ငလျင်ဘေးအန္တရာယ်ဖြစ်ပွားချိန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် သရုပ်ပြ လေ့ကျင့်မှုများကို အားပေးကြည့်ရှုခဲ့ပြီး ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။