
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာအုပ်စု၊ လက်ဆည်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ နှင့်ဘုန်းတော်ကြီးကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့ နေ့လည်(၁၂၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ကျေးရွာအုပ်စု၊ လက်ဆည်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားအား လက်ဆည်ကျေးရွာ အထကကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက် ၊တိုင်းဒေသကြီးလွွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်တို့မှ အမှာစကားများအသီးသီးပြောကြားခဲ့ပါသည်။ ၎င်းနောက် လက်ဆည်ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌဦးသန်းနိုင်မှ ကျေးရွာပြည်သူလူထုကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ
၀န်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့အား ဒေသထွက်ပစ္စည်းများ လက်ဆောင်ပေးအပ်ခဲ့ ပါသည်။
ဆက်လက်၍ နေ့လည်(၁၃၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ကူရှည်ကျေးရွာ ရေသီတာ ဘုန်းတော်ကြီး ကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား အဆိုပါကျောင်းဆောင်မဏ္ဍပ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆို ပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက် တိုင်းဒေသကြီးလွွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ရေသီတာဘုန်းတော်ကြီးကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းနှင့် အခမ်းအနားတက်ရောက်လာသော ဆရာတော်/သံဃာတော်များနှင့် ဧည့်ပရိသတ်များမှ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်း ဆောင်သစ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဂေါပကအဖွဲ့ဝင် တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။