
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာကျောင်းတော်ရာ(ပထမအကြိမ်) မြင်းစီးအားကစားပြိုင်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ နံနက်(၀၈၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားပွဲ(ပထမအကြိမ်)မြင်းစီးအားကစားပြိုင်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ ပါသည်။
မြင်းစီးအားကစားပြိုင်ပွဲ အခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဌေးကျော် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊
မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဦးဝေဇင်ထွန်း၊ ပွင့်ဖြူမြို့နယ်
အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြင်းစီးအားကစားပြိုင်ပွဲဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးမှ အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး
ဦးဌေးကျော်မှမြင်းစီးအားကစားနှင့်ပတ်သက်ပြီးဆွေးနွေးတင်ပြခဲ့ပါသည်။ထို့နောက် မင်းဘူးမြို့၊ ပွဲကျောင်းလက်ရေး ပညာစဉ် အပြဒေါက်တာကျော်ကျော်ညွန့်မှ ပွဲကျောင်းလက်ရေးပညာကိုပြသခြင်း၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။