မကွေးတိုင်းဒေသကြီး၏ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေမည့် မူဝါဒပေါ်ထွန်းလာရေး အတွက် သုတေသနပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့ နံနက်(၁၀ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီအစည်းအဝေးခန်းတွင် ပြုလုပ်သည့် မကွေးတိုင်းဒေသကြီး၏ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အပံ့ဖြစ်စေမည့် မူဝါဒပေါ်ထွန်းလာရေးအတွက် သုတေသနပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ အရာထမ်းများ၊ ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အမှာစကားများပြောကြားပြီး ငြိမ်းဖောင်ဒေးရှင်း တာဝန်ရှိသူက အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ်မှရရှိခဲ့သော ရလာဒ်များနှင့် သုတေသနလုပ်ငန်းစဉ်များကို အစီရင်ခံတင်ပြပြီး တက်ရောက်လာသော ကော်မတီဝင်များမှ မိမိတို့ နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်း စစ်ဆေးရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။