
မကွေးတိုင်းဒေသကြီး၏ “မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၏ လက်ရှိအခြေအနေ”အား လေ့လာမည့် သုတေသနဒီဇိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတက်ရောက်
ဆောင်ရွက်ချက်များ(၂၈.၂.၂၀၁၉)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်မှ မွန်းလွဲ(၁၅ဝဝ)နာရီအချိန်အထိ မကွေးမြို့၊ ထိန်ထိန်သာဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး၏ “မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၏ လက်ရှိအခြေအနေ”အား လေ့လာမည့် သုတေသနဒီဇိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးဆန်းလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီးလွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါ်ခင်ရီမြင့်နှင့် လွှတ်တော်ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
တာဝန်ရှိသူများ၊ သိန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့နှင့်ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသူ များမှ မကွေးတိုင်းဒေသကြီး၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအကောင်အထည်ဖော်ဆောင် နေမှု၊ စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ ဆက်စပ်နေမှုအခြေအနေ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆို၊ မေးခွန်းဆွေးနွေးချက်များဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီး၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၏ လက်ရှိ အခြေအနေအား လေ့လာမည့် သုတေသနဒီဇိုင်း(မူကြမ်း)အား ဆွေးနွေးခဲ့ကြပါသည်။