
မကွေးတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(ပထမအကြိမ်မူကြမ်း)ဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ တက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(ပထမအကြိမ်မူကြမ်း)ဆွေးနွေးပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ မကွေးတိုင်းဒေသကြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက်
စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။