မကွေးတိုင်းဒေသကြီး တရားလွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့၊ နေ့လည်(၁၃ဝဝ)နာရီအချိန် မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ
ပြုလုပ်သည့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်တရားသူကြီးများ၊ တရားလွှတ်တော်ရှေ့နေများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် တရားရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်တရားသူကြီးချုပ် ဦးစိန်ထွန်းတို့မှ အဖွင့်အမှာစကားများပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ကြူကြူဝင်းက နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပြီး၊ မကွေးခရိုင်တရားသူကြီး ဒေါ်မြသွေးမှ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အား Power Point ရှင်းလင်းတင်ပြခဲ့ကာ၊ တက်ရောက် လာသူများက သိရှိလိုသည်များနှင့် အကြံပြုဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ခဲ့ကြပါသည်။