
မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ(မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောင်လံမြို့နယ်တွင် ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များမကွေးတိုင်းဒေသကြီးလွှတ်တော်နှင့် ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် မကွေးတိုင်းဒေသကြီးမြေယာခွန်ဥပဒေ(မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန်တွင် အောင်လံမြို့၊ ချယ်ရီရွှေဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ (တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မကွေးခရိုင်အတွင်းရှိ တောင်တွင်းကြီး၊ မြို့သစ်နှင့် နတ်မောက်မြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများမှ မြေစာရင်းဦးစီးမှူးများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မကွေးတိုင်းဒေသကြီးမြေယာခွန်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အစုအဖွဲ့အလိုက် အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များအား မေးမြန်းဖြေကြားခြင်းနှင့် ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်းမှ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ပါသည်။