
မကွေးတိုင်းဒေသကြီး ၂၀၁၉-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များမကွေးတိုင်းဒေသကြီး ၂၀၁၉-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား/ သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမ၌ (၂၀-၆-၂၀၁၉)ရက်နေ့ နေ့လည်(၁၄၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်း
ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊
တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ အစိုးရကျောင်း/ကိုယ်ပိုင်ကျောင်းများမှဆရာ/ဆရာမ များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အောင်ချက်အကောင်းဆုံးကျောင်းများမှ ဆရာ/ဆရာမများ ကျောင်းသား/သူများ၊ ထူးချွန်ဆုရကျောင်းသား/သူများ၊ NGO များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကား
ပြောကြားခဲ့ပြီး အောင်ချက်အကောင်းဆုံးကျောင်း(၃)ကျောင်းအားဆုများချီးမြှင့်ခြင်း၊ အောင်ချက်အကောင်းဆုံး
ကျောင်း(၃)ကျောင်းမှ ဆရာ/ဆရာမများအားဆုချီးမြှင့်ခြင်း၊ နိုင်ငံတော်အဆင့်ဆုရသူ(၃)ဦးအားဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများမှ ပထမဆု ရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ ဒုတိယဥက္ကဋ္ဌမှ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများမှ ဒုတိယနှင့်တတိယဆု ရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများမှ(၆)ဘာသာ၊ (၅)ဘာသာနှင့် (၄)ဘာသာ ဂုဏ်ထူးရှင်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ထူးချွန်ကျောင်းသား/သူများ ကိုယ်စား ဝိပ္ပံဘာသာတွဲတွင်နိုင်ငံတော်အဆင့် ပထမဆုရရှိသော မောင်မင်းပြည့်ပြည့်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။