မကွေးမြို့နယ် Covid-19 ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီမှ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ နှာခေါင်းစည်း(Mask)များ လာရောက်လှူဒါန်း

ဆောင်ရွက်ချက်များ

မကွေးမြို့နယ် Covid-19 ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ အဖွဲ့ဝင်များမှ ၂၀၂၀ပြည့်နှစ်၊ (၂၄)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်၍ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) များကို လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာနှင့် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်)ဒေါ်ဋ္ဌေးဋ္ဌေးခိုင်တို့မှ လက်ခံရယူ၍ လှူဒါန်းမှုအတွက် မကွေးတိုင်း ဒေသကြီးလွှတ်တော်(ကိုယ်စား) လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ကော်မတီအဖွဲ့အနေဖြင့်လည်း ပြည်သူ့အကျိုးဆောင်ရွက်ရာတွင် ရောဂါဘယများ ကင်းဝေးစွာဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း        ဆုမွန်ကောင်းတောင်း၍ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။