မကွေးမြို့ မဟာဝိသုတာရာမ(တောင်စာသင်တိုက်)တွင်ကျင်းပပြုလုပ်သည့် ပွင့်ဖြူမြို့နယ်သာသနာဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးအား စတီးရွှေသင်္ကန်းကပ်လှူခြင်းအတွက်သြဝါဒခံယူပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ နံနက်(၀၈၀၀)နာရီအချိန် မကွေးမြို့ မဟာဝိသုတာရာမ (တောင်စာသင်တိုက်)တွင် ပွင့်ဖြူမြို့နယ် သာသနာဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး အား စတီးရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်လှူဒါန်းခြင်းတို့အတွက် သြဝါဒခံယူပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ ပါသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဌဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးမြင့်ဆွေ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီမိသားစု) ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်၍ တရားတော်များနာယူခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့မှ သာသနာတော်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားခြင်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်ရွှေ(ဇေကမ္ဘာကုမ္ပဏီမိသားစု)မှ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးအား စတီးရွွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်လှူဒါန်းခြင်းတို့အတွက် ဆောင်ရွက်မည့်ကိစ္စရပ်များအား လျှောက်ထားတင်ပြ၍ သြဝါဒခံယူခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။