မကွေးမြို့ မြသလွန်စေတီတော် ရင်ပြင်ပေါ်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်ကြီးအတွင်း၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့ နံနက်(၁၀ဝဝ)နာရီအချိန် မကွေးမြို့ မြသလွန်စေတီတော် ရင်ပြင်တော်ပေါ်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်ကြီးအတွင်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍
ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့
တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား “ နမောတဿ “ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက် လာသူများက ဆရာတော်ကြီးများထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ပရိတ်တရားတော်များနာယူခဲ့ကြကာဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်းအတွက် အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့
အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြကာ “ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု “ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြပါသည်။