
မင်းဘူးခရိုင်အတွင်း ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးရရှိသော မြို့နယ်များ၊ ကျောင်းများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ၊ ဂုဏ်ထူးရအောင်သင်ကြားပေး သော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ တက်ရောက်
ဆောင်ရွက်ချက်များ(၉.၆.၂၀၁၈)ရက်နေ့၊ နံနက် ( ၀၈၀၀ ) နာရီအချိန်၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့၊ ခရိုင်အားကစားခန်းမတွင် မင်းဘူးခရိုင်အတွင်း ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးရရှိသော မြို့နယ်များ၊ ကျောင်းများ၊ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ များ၊ ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ/ဆရာမများ အား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ မင်းဘူးခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများက “ မြတ်သောပညာ”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ဖွင့်လှစ်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့မှ မင်းဘူးခရိုင်အတွင်း ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးရရှိသော မြို့နယ်များ၊ ကျောင်းများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ၊ ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ/ဆရာမများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မချောပြည့်ဖူးလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ ကျောင်းသား/ကျောင်းသူများမှ “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။