
ရေစကြိုမြို့၊ လွတ်လပ်ရေးပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန် ရေစကြိုမြို့ လွတ်လပ်ရေးပန်းခြံတွင် ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်သူများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့မှ ဗိုလ်ချုပ်ကြေးရုပ်တုအား ဖွင့်လှစ်ပေးခဲ့ရာ တက်ရောက်လာသူများမှ ဗိုလ်ချုပ်ကြေးရုပ်တုအား ဦးညွှတ် အလေးပြုခြင်း၊ ဖွင့်ပွဲအထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရေပက်ဖြန်းခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အသီးသီး အမှာစကားများပြောကြားခဲ့ပြီး ရေစကြိုမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး မတည်သူ အလှူရှင်ဦးထင်လင်းမှ ကြေးရုပ်ဖြစ်မြောက်ရေးဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းခဲ့ကာ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။