
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ Covid-19 ကြိုတင်ကာကွယ်မှုအတွက် လက်သန့်ဆေးရည်များ လှူဒါန်း
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၈)ရက်နေ့ နံနက်(၀၉:၅၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ လွှတ်တော်အစည်းအဝေး မကျင်းပမီရွှေပါရမီတောရဆရာတော်
အရှင်ဆန္ဒာဓိကမှ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်း များအတွက် Hand Sanitizer Gel 200 ml (၇၂)ဗူး၊ 60 ml (၁၉၂)ဗူး၊ 1 Liter (၁၂)ဗူး တို့အား ကာလဒါနအဖြစ် ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပါသည်။