လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဖွဲ့စည်းခြင်း

ပထမအကြိမ်ကော်မတီဖွဲ့စည်းခြင်း

၁။      တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၁(ဂ)အရအပ်နှင်းထား သော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပထမအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယအစည်းအဝေး မှစတင်၍လွှတ်တော်ကိုယ်စားလှယ်များအားစိစစ်ရန်(၃၀.၃.၂၀၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် လွှတ်တော်၏ သဘောတူညီချက်အရ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် –

(က)    ဦးမျိုးမြင့်                          မင်းလှမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)             ဥက္ကဋ္ဌ

( ခ )   ဦးမောင်မောင်စိုး                  ဆင်ပေါင်ဝဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)        အဖွဲ့ဝင်

( ဂ )   ဦးဇော်မိုးသိန်း                     ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)             အဖွဲ့ဝင်

(ဃ)    ဗိုလ်မှူးဉာဏ်လင်းအောင်     တပ်မတော်သားကိုယ်စားလှယ်                  အဖွဲ့ဝင်

( င )   ဦးမောင်မောင်တင်               မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)       အတွင်းရေးမှူး

၂။      တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီဝင်များ၏သက်တမ်းတစ်နှစ်ပြည့်မြောက် သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ် နိုင်သည်။

ကော်မတီ၏တာဝန်များ             

၃။      ကော်မတီ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်အမည်စာရင်း ထုတ်ပြန်ကြေညာပြီးသည့် ပုဂ္ဂိုလ် များအား လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာဖြင့် တိုက်ဆိုင်စစ်ဆေး၍ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကဒ်ပြားအား ထုတ်ပေးရန်၊

(ခ)     လွှတ်တော်အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များအား လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီမှ ထုတ်ပေးထားသည့် စိစစ်ရေးကတ်ပြား များနှင့် တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှုရှိမှသာ အစည်းအဝေးတက်ရောက်ခွင့်ပြုရန်၊

(ဂ)     လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေနှင့် စပ်လျဉ်း၍ အောက်ပါအချက်အလတ်များပါဝင်သည့် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌမှ လက်မှတ်ရေးထိုး၍ အစည်းအဝေးမစတင်မီ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရန် –

(၁)     အစည်းအဝေးတက်ရောက်ခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၊

(၂)     အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၊

(၃)     အစည်းအဝေးတက်ရောက်သည့်ရာခိုင်နှုန်း

(ဃ)    လွှတ်တော်ကိုယ်စားလှယ်များသည် အစည်းအဝေးစတင်ပြီးမှ နောက်ကျရောက်ရှိ ခြင်းရှိပါက လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီရုံးသို့ သတင်းပို့စေပြီး အောက်ပါအချက်အလက်များပါရှိသောအစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌထံတင်ပြရန်-

(၁)     နောက်ကျရောက်ရှိသည့်လွှတ်တော်ကိုယ်စားလှယ်အမည်၊

(၂)     မြို့နယ်အမည်၊ မဲဆန္ဒနယ်အမှတ်၊

(၃)     နောက်ကျရသည့်အကြောင်းအရာ၊

(င)     လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ခန်းမအတွင်းမှ ထွက်ခွါခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအချက်အလက်များပါဝင်သော အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌထံတင်ပြရန် –

(၁)     အစည်းအဝေးကျင်းပနေစဉ် ခန်းမပြင်ပထွက်ခွါသည့် လွှတ်တော် ကိုယ်စားလှယ်အမည်၊

(၂)     မြို့နယ်အမည်၊ မဲဆန္ဒနယ်အမှတ်၊

(၃)     ထွက်ခွါရသည့်အကြောင်းအရာ၊

(၄)     လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ရှိ/ မရှိ၊

(စ)     လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်းများရှိသည့်အခါ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကတ်ပြားကို ပြန်လည်လက်ခံရယူခြင်း၊ ဖျက်ဆီး ခြင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းအား လွှတ်တော်ဥက္ကဋ္ဌထံတင်ပြရန်၊

(ဆ)    ကော်မတီဝင်များသည် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော် ဥက္ကဋ္ဌက အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များအား ထမ်းဆောင်ရန်။

ကော်မတီ၏လုပ်ပိုင်ခွင့်များ

၄။      ကော်မတီအစည်းအဝေးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ  နည်းဥပဒေ ၆၃ ပါ ပြဌာန်းချက်များနှင့်အညီ ကျင်းပရမည်။

၅။      ကော်မတီဝင်များသည် –

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြခံဥပဒေနှင့်အညီ တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များနှင့်မဆန့်ကျင်လျှင်
လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊

( ခ )   တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီအများဆုံး နှစ်ခုအထိ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်၊

( ဂ )   ကော်မတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသောအကျိုးအကြောင်းဖော်ပြလျက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်၊

ကော်မတီဝင်များ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ

၆။      ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကိုခံစားခွင့် ရှိသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၇။      ကော်မတီဝင်များသည် –

(က)    အခြားလွှတ်တော်ကိုယ်စားလှယ်များနည်းတူ လွှတ်တော်အစည်းအဝေးကျင်းပသည့် နေ့ရက်များအတွက် ခရီးစရိတ်၊ နေ့တွက်စရိတ်များ ခံစားခွင့်ရှိသည်၊

( ခ )   လွှတ်တော်အစည်းအဝေးတက်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိ
သတင်းပို့နိုင်ရေးအတွက် အစည်းအဝေးမကျင်းပမီ ကြိုတင်လာရောက်ရပါက ယင်းနေ့များ အတွက် နေ့တွက်စရိတ် ထုတ်ယူခံစားခွင့်ရှိသည်၊

( ဂ)    ကော်မတီအစည်းအဝေးတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊

(ဃ)    ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊

(ဃ)    ပြစ်မှုတစ်ရပ်ရပ်ဖြင့်ဖမ်းဆီးခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။

 

 

                                                                                                                ရဲမြင့်

                                                                                                               ဥက္ကဋ္ဌ