သစ်တောနည်းဥပဒေ(မူကြမ်း)အား မကွေးတိုင်းဒေသကြီးအတွင်းရှိ အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးခြင်းနှင့် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များ ရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့၊ နံနက်(၀၈ဝဝ)နာရီအချိန်မှ ညနေ(၁၈ဝဝ)နာရီအချိန်အထိ မကွေးမြို့၊ နန်းထိုက်သူဟိုတယ်တွင် ကျင်းပပြုလုပ်သည့် သစ်တောနည်းဥပဒေ(မူကြမ်း)အား မကွေးတိုင်းဒေသကြီးအတွင်းရှိ အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးခြင်းနှင့် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များ ရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ (Land Core Group) Main facilitator မှ ဒေါက်တာညွန့်ခိုင်၊ မင်းနဂါးရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့ (CSOs representative)မှ ဦးဝင်းမင်းလတ်၊ အရှိုချင်းစာပေယဉ်ကျေးမှုအဖွဲ့ (Indigenous People representative)မှ ဦးဆလိုင်းမောက်မောက်ကျော် တို့ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်မှ အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသူများမှ သစ်တောနည်းဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ အဓိကအကြောင်းအရာများ၊ အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များ ရယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ သစ်တောဥပဒေနှင့် နည်းဥပဒေများအပေါ် မှတ်ချက်၊ အကြံပြုချက်များကို တင်ပြဆွေးနွေးခြင်းနှင့် အစုအဖွဲ့အလိုက် အကြံပြုဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြပါသည်။