အောင်လံမြို့နယ်ပြည်သူ့ဆေးရုံ (၂)ထပ်လူနာဆောင်နှင့်(၄)ခန်းတွဲ(၄)ထပ် ၀န်ထမ်းအိမ်ရာဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဇွန်လ(၄)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်တွင် အောင်လံမြို့ပြည်သူ့ဆေးရုံ(၂)ထပ် လူနာဆောင်နှင့် (၄)ခန်းတွဲ(၄)ထပ် ၀န်ထမ်းအိမ်ရာဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အောင်လံမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့်ဆရာ/ဆရာမများ၊ သူနာပြုဆရာမ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့်
ဧည့်သည်တော်များ၊ မြို့ပေါ်ရပ်ကွက်ရှိပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှ စက်ခလုပ်နှိပ်ဖွင့်လှစ်
ပေးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မကွေးတိုင်း
ဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ လမ်းညွှန်အမှာစကားပြောကြားခဲ့ကာ၊ မကွေးတိုင်း ဒေသကြီးကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်မှ ဆေးရုံလုပ်ငန်းများနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြခြင်း၊ ရပ်မိရပ်ဖ ဦးဝင်းမောင်ကြည်မှ ကျေးဇူးတင်စကားနှင့် ကုတင်(၁၀၀)ဆံ့ ဆေးရုံအဆင့် တိုးမြှင့်နိုင်ရေးအတွက် ၀န်ကြီးချုပ်ထံတင်ပြခဲ့ပါသည်။
ဆက်လက်၍ ဆောက်လုပ်ရေးအထူးအဖွဲ့(၅)မှ နှစ်ထပ်လူနာဆောင်နှင့်(၄)ခန်းတွဲ(၄)ထပ် ၀န်ထမ်းအိမ်ယာ နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းအပ်နှံခြင်းနှင့် အမှတ်တရအထိမ်းအမှတ်အလံများပေးအပ်ခြင်း၊ အောင်လံမြို့ကုတင်(၅၀)ဆံ့မှ ကုတင်(၁၀၀)ဆံ့ဆေးရုံ အဆင့်တိုးမြှင့်နိုင်ရေး ရည်ရွယ်လျှက် ဆေးပဒေသာပင် လှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကာ ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့ပါသည်။