ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရေးအတွက် အကြံပြုညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆောင်ရွက်ချက်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ နိုင်ငံရေးပါတီ၊ အစုအဖွဲ့ အသီးသီးနှင့် တစ်သီးပုဂ္ဂလိကကိုယ်စားလှယ်များ တင်ပြခဲ့သည့် အခန်းအလိုက် ပြင်ဆင်၊ ဖြည့်စွက်၊
ပယ်ဖျက်ရန် အကြံပြုချက်များကို ကြိုတင်သိရှိလေ့လာနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ပေးပို့လာခဲ့သောကန့်လန့်ဖြတ်
ဇယားအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးကော်မတီဝင်များမှ (၁၈-၁၁-၂၀၁၉)
ရက်နေ့မှ(၁၉-၁၁-၂၀၁၉)ရက်နေ့အထိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး VIP Meeting Roomတွင် သုံးသပ်အကြံပြုညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)နှင့်မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ) ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးခိုင်၊ ဒေါ်ခင်ညိုညိုသန်း (တိုင်းဒေသကြီးဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ)၊ ဦးမြင့်အောင် (တိုင်းဒေသကြီးဥပဒေ အထောက်အကူပြုအဖွဲ့၊ အဖွဲ့ဝင်)နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဥပဒေဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ အခန်းအလိုက်အကြံပြုဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။