ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဖွဲ့စည်းခြင်း

ပထမအကြိမ်ကော်မတီဖွဲ့စည်းခြင်း

၁။      မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ဆုံးဖြတ် ချက်အရ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းလိုက်သည် –

(က)    ဦးတင်မောင်ကျော်               ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                ဥက္ကဋ္ဌ

( ခ )   ဦးမြင့်ငွေ                           ဆင်ပေါင်ဝဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)    ဒုတိယဥက္ကဋ္ဌ

( ဂ )   ဦးချစ်သိန်း                        မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)                 အဖွဲ့ဝင်

(ဃ)    ဦးဝင်းမြိုင်                        စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                 အဖွဲ့ဝင်

( င )   ဦးခင်မောင်ဝင်း                   တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး(ငြိမ်း)              အဖွဲ့ဝင်

( စ )   ဦးကံမြင့်                           ပြည်နယ်ဥပဒေအရာရှိ(ငြိမ်း)                         အဖွဲ့ဝင်

(ဆ)    ဦးစိန်ထွန်း                         ဒု-တိုင်းဥပဒေအရာရှိ(ငြိမ်း)                          အဖွဲ့ဝင်

( ဇ )   ဦးဝင်းမြင့်                          လ/ထ တိုင်းဥပဒေအရာရှိ(ငြိမ်း)                    အဖွဲ့ဝင်

( ဈ )   ဦးမြင့်သိန်း                        တရားလွှတ်တော်ရှေ့နေ                               အဖွဲ့ဝင်

(ည)    ဦးအောင်ကျော်စိုး                တရားလွှတ်တော်ရှေ့နေ                              အဖွဲ့ဝင်

( ဋ )   ဦးစိန်မြင့်                          တရားလွှတ်တော်ရှေ့နေ                               အဖွဲ့ဝင်

( ဋ္ဌ )   ဦးမောင်မောင်မြင့်                တရားလွှတ်တော်ရှေ့နေ                               အဖွဲ့ဝင်

( ဍ )   ဒေါ်သင်းသင်းနိုင်                တရားလွှတ်တော်ရှေ့နေ                              အဖွဲ့ဝင်

( ဎ )   ဦးကျော်လွင်                       အထက်တန်းရှေ့နေ                                    အဖွဲ့ဝင်

(ဏ)   ဦးသန်းအောင်                    အထက်တန်းရှေ့နေ                                    အဖွဲ့ဝင်

(တ)    ဦးခင်မောင်လတ်                 လ/ထအင်ဂျင်နီယာ                                    အဖွဲ့ဝင်

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း

၂။      ဤကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဖြစ်သည်။

ကော်မရှင်၏သက်တမ်း

၃။      ကော်မရှင်၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ အများဆုံးတစ်နှစ်သတ်မှတ်သည်။ သို့သော် ကော်မရှင်၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေအရ ဆက်လက်ဖွဲ့စည်း ထားရှိရန် မလိုအပ်သည့်အချိန်တွင် ဖျက်သိမ်းနိုင်သည်။

၄။      တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ကော်မရှင်၏သက်တမ်းကာလအတွင်း အဖွဲ့ဝင် များကို လုပ်ငန်းလိုအပ်ချက်အရ သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

ကော်မရှင်၏တာဝန်များ

၅။      ကော်မရှင်သည် –

(က)    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈၊ ဇယား(၂)တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာ သက်ရောက်စေရန် ဥပဒေအသစ်ပြဌာန်းနိုင်ရေးတို့ကို  တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့တင်ပြရမည်။

( ခ )   အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော် သို့ အစီရင်ခံတင်ပြရမည်။

( ဂ )   တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်။

(ဃ)    တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက်သီးခြားသတ်မှတ်ပေးသည့် အထူး ကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ်ဆောင်ရွက်ရမည်။

( င )   တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံ သည့်အခါ ကော်မရှင်အနေဖြင့် အကြံဉာဏ်ပေးရမည်။

၆။      ကော်မရှင်သည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သောအကြောင်းအရာများကို သိရှိနားလည် သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

၇။      ကော်မရှင်အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေများပါ ပြဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိသည်။

၈။      ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအပေါ် မူတည်၍ လုံခြုံမှုအဆင့်အတန်းကို သတ်မှတ်ဆောင်ရွက်နိုင်သည်။

ကော်မရှင်၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ

၉။      ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်လုပ်ငန်းတာဝန်ကိုဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မရှင် အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ကော်မရှင်ရုံးစိုက်ရာဒေသတွင်ရောက်ရှိနေစဉ်၌လည်းကောင်း၊

တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၀။    ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

 

 

                                                                                                     ရဲမြင့်

                                                                                                     ဥက္ကဋ္ဌ