၂၀၁၉-၂၀၂၀ပညာသင်နှစ်အတွက် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ၀န်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၏ သားသမီးများပညာသင်ထောက်ပံ့စရိတ်ပေးအပ်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့၊ နေ့လည်(၁၅ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မကွေးတိုင်းဒေသကြီးလွွှတ်တော်ရုံး၀န်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ပွဲအခမ်းအနားသို့
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်၊ ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိဇင်ဖြိုး၊ ဒေါ်စုစုထွန်း၊ ဦးစီးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား/သူ
များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့မှ အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ တက္ကသိုလ်အဆင့်ကျောင်းသား/ သူများအား ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ အခြေခံပညာ
အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်မှ အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ခဲ့ပြီး၊ ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးခိုင်မှ အခြေခံပညာမူလတန်းအဆင့်ကျောင်းသား/သူများအား ပေးအပ်ခဲ့ကာ၊ ၀န်ထမ်းမိသားစုများ၏
ကိုယ်စား မိဘတစ်ဦးဖြစ်သူ ဦးစီးအရာရှိ ဒေါ်ဟေမာမြတ်စောမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး၊
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။