
(၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန် မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဆုရကျောင်းသား/သူများနှင့် မိဘများ၊ ဒိုင်အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ သူနာပြုဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးမှ အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအတွက် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အထက်တန်းအဆင့် ကွန်ပျူတာပန်းချီအထူးဆုနှင့် ပန်းချီပြိုင်ပွဲတွင်ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှအထက်တန်း
အဆင့် ပိုစတာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်မှ အထက်တန်းအဆင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ အထက်တန်းအဆင့် ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ သူများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်များတွင် ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီများ၌ ဆုရရှိသော ကျောင်းသား/ သူများအား လည်းကောင်း ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် ဆုရကျောင်းသား/သူများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ပြပွဲ မှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်လေ့လာ ရှုခဲ့ကြ ပါသည်။